နည်းပညာတက္ကသိုလ် (ဘားအံ)
နည်းပညာတက္ကသိုလ် (ဘားအံ) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကရင်ပြည်နယ်၊ ဘားအံ မြို့တွင် တည်ရှိပါသည်။ ဤတက္ကသိုလ်သည် ကရင်ပြည်နယ်၊ ဘားအံမြို့ (ဘားအံ-ဒုံရင်း) ကားလမ်း အနီးရှိ ရဲသာကျေးရွာ ကွင်းအမှတ် (၁၁၈၅) တွင် တည်ရှိပါသည်။ ကျောင်းဝင်းသည် ၃၅.၁၉ ဧက ခန်. ကျယ်ဝန်းပါသည်။ နည်းပညာတက္ကသိုလ် (ဘားအံ)သည် သံလွင်တံတား (ဘားအံ) မှ ၇.၉ကီလိုမီတာနှင့် ဇွဲကပင်တောင် မှ ၁၂ ကီလိုမီတာခန့် ကွာဝေးပါသည်။
တက္ကသိုလ်သမိုင်းကြောင်း
နည်းပညာတက္ကသိုလ် (ဘားအံ)သည် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ ( ၆ ) ရက်နေ့တွင် အစိုးရစက်မှုလက်မှု အထက်တန်းကျောင်းအဖြစ် စတင်ခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် အစိုးရ နည်းပညာကောလိပ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး၊ ၂၀၀၇ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာ တက္ကသိုလ် (ဘားအံ) အဖြစ် အဆင့်မြှင့်တင်ခဲ့ပါသည်။
နည်းပညာတက္ကသိုလ် ( ဘားအံ ) တွင် အဓိကဘာသာရပ်ကြီး လေးခုဖြစ်သော မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ နှင့် စက်မှုအင်ဂျင်နီယာ ဘာသာရပ် များကို သင်ကြားပေးလျက်ရှိပါသည်။
နည်းပညာတက္ကသိုလ် (ဘားအံ)တွင် သင်ကြား သင်ယူမှုနှင့် သုတေသနဖွံ့ဖြိုးတိုးတက်မှု အရည်အသွေး အဆင့်အတန်းမြင့်မားရေး တို့ အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံး ရှိ တက္ကသိုလ်များနှင့် ချိတ်ဆက် ဆောင်ရွက် လျက်ရှိပါသည်။ အင်ဂျင်နီယာနှင့် စာပေဘာသာရပ်များအတွက် သင်ကြားရေးဆိုင်ရာ သင်ရိုး မာတိကာများကို နိုင်ငံတကာအဆင့်အတန်းနှင့်အညီ သင်ကြားပေးလျက်ရှိပါသည်။
ပေးအပ်ပြီးသောဘွဲ့ရဉီးရေ