မြို့ပြအင်ဂျင်နီယာ


သင်ကြားရေးဆိုင်ရာပစ္စည်းများ(တက္ကသိုလ်
ဆရာ၊ဆရာမများ/ပညာသင်ကြားသူများ
အတွက်စာသင်ခန်း/လက်တွေ့ခန်းတွင်
အသုံးပြုရန်လိုအပ်သောအရင်းအမြစ်များ)

သင်ကြားရေးဆိုင်ရာပစ္စည်းများ (BMC Lab)

မြို့ပြအင်ဂျင်နီယာ ဘာသာရပ်များတွင် BMC ဘာသာရပ်က တစ်ခု အပါအဝင်ဖြစ်ပြီး ၎င်းဘာသာရပ်တွင် တည်ဆောက်ရေးပစ္စည်းများနှင့် တည်ဆောက်ပုံများတည်ဆောက်ရေး ပစ္စည်းများ ထုတ်လုပ်ပုံအဆင့် များပါဝင်ပါသည်။

BMC လက်တွေ့တွင်
-သဲ/ ကျောက် များ ဇကာ ချ၍ အရွယ်အစားခွဲခြင်း
-သဲ/ကျောက် များ၏သိပ်သည်းဆများခွဲခြင်း
-ဘိလပ်မြေ၏ အပြစ်အကျဲ/အပျော့အမာ ခွဲခြင်း
-ဘိလပ်မြေ၏ မာခဲ/စုခဲခြင်း
-ဘိလပ်မြေ၏ဖိအားခံနိုင်ရည်ကိုစမ်းသပ်ခြင်း
-ကွန်ကရိရဲ့အိကျမှုကိုစမ်းသပ်ခြင်း
-မာကျောမှု စမ်းသပ်ခြင်း

အောက်ပါကိရိယာများကို BMC လက်တွေ့၌ အသုံးပြုပါသည်။

-balance & weight
-sieve set with cover and pan (ASTM Sieve)
-Vicat Apparatus
-Le Chatelier flask & mould
-Concrete compression test

သင်ကြားရေးဆိုင်ရာပစ္စည်းများ (surveying)

ကျောင်းသား/သူများသည် တိုင်းတာခြင်းဆိုင်ရာ ကိရိယာများကို အသုံးပြုပြီး မြေမျက်နှာ သွင်ပြင် အနိမ့်/အမြင့်၊ ရေပြင်ညီထောင့်နှင့် ထောင့်မှန်ကျထောင့်များကိုလည်း တိုင်းတာခြင်းများ ပြုလုပ်နိုင်ပါသည်။

The following instruments provides for surveying:

• Level
• Theodolite
• Total Station
In addition,
• Tripod
• Measuring Tape
• Ranging Rod
• Stud

သင်ကြားရေးဆိုင်ရာပစ္စည်းများ (civil engineering workshop)

Civil Engineering Workshop ဘာသာရပ်သည် မြို့ပြအင်ဂျင်နီယာ‌ ကျောင်းသား ၊ ကျောင်းသူများအား လက်သမားအတတ်ပညာ ၊ ပန်ရံ အတတ်ပညာ များတွင် အသုံးပြုသော ပစ္စည်းနှင့် အကျွမ်းတဝင်ရှိစေရန် နှင့် လက်သမားအတတ်ပညာ ၊ ပန်ရံ အတတ်ပညာ များကို လုပ်ငန်းခွင်တွင် ကျွမ်းကျွမ်းကျင်ကျင် အသုံးချတတ်စေရန် လေ့ကျင်ပေးခြင်းများပါဝင်ပါသည် ၊၊

အောက်ဖော်ပြပါ ပစ္စည်းများသည် Civil Engineering Workshop ဘာသာရပ်တွင် အသုံးပြုသော ပစ္စည်းတချို့များ ဖြစ်ပါသည် ၊၊

- မျဉ်းတံ
- တူ ၊ ဆောက်
- ပိုက်ဆက်
- ဒယ်အိုး
- လွှ
- ရေချိန်
- လက်ပွတ်
- တိတ်
- စတီးသံချောင်း
- သန်လျက်

သင်ကြားရေးဆိုင်ရာပစ္စည်းများ (fluid mechanics lab)

အရည်၏ သဘာ၀လှုပ်ရှားမှုများနှင့် ကျိုးကျောင်းဆက်စပ်နေသော လက်တွေ့စပ်းသပ်ချက်များနှင့် သင် ထောက်ကူပစ္စည်းများသည် ကျောင်းသားများ၏သင်ကြားမှုဆိုင်ရာ လေ့ကျင့်ရေးဆိုင်ရာများအတွက် အခက်အခဲများကို ဖြေရှင်းပေးရန် အထောက်အကူ ပြုပါသည် ၊၊

The following equipments provides for basic fluid mechanics lab:

1. Hydrostatic Pressure
2. Fluid Properties
3. Dead Weight Calibrator
4. Bernoullis’ Theorem Demonstration
5. Laminar Flow Demonstration
6. Osbrone-Reynolds Demonstration
In additions,
Hydraulic Bench
Balance and Weight
Trainers

1. Hydrostatic Pressure
ရည်ရွယ်ချက်များ
Quadrant တဝက်ထိရေနစ်မြုပ်နေစဉ် ရေဖိအာ:သက်ရောက်နိုင်သော အခြေအနေကိုဆုံးဖြတ် တတ်စေရန်။
ရေ၏ဗဟိုသက်ရောက်အား သက်ရောက်မှုကိုသဘောတရားယူဆချက်များနှင့်လက်တွေ့စမ်းသပ် မှုများကိုသဘောပေါက်နားလည်စေရန်။

2. Dead Weight Calibrator
ရည်ရွယ်ချက်များ
-ရေဖိအားအတိုင်းအတာကို တိုင်းတာတတ်စေရန်။
-အလေးသက်ရောက်စဉ် ရေဖိအားထွက်ပေါ်လာပုံကို သိနားလည်နိုင်စေရန်။

3. Fluid Properties
ရည်ရွယ်ချက်
အရည်များ၏ သိပ်သည်းဆများကို နားလည်တတ်စေရန်။

4. Bernoullis’ Theorem Demonstration
ရည်ရွယ်ချက်
Bernoullis equation အား အသုံးပြု၍ ပိုက်ချောင်းများအတွင်း ရေစီးဆင်းပုံကို စူးစမ်းလေ့လာ နိုင်စေရန်။

5. Osbrone-Reynolds Demonstration
ရည်ရွယ်ချက်
ဤလက်တွေ့စမ်းသပ်ချက်ကို စမ်းသပ်ပြီး ပိုက်အတွင်းရေစီးဆင်းပုံအမျိုးမျိုးကို နားလည်သဘောပေါက်စေရန်။

သင်ကြားရေးဆိုင်ရာပစ္စည်းများ (Hydraulics and Water Resources lab)

Hydraulics and Water Resources Engineering (HWRE) သည် မြို့ပြအင်ဂျင်နီယာ သုတေသနနယ်ပယ်များထဲတွင် ပါဝင်သော နယ်ပယ်တခုဖြစ်ပါသည်။ ထိုနယ်ပယ်သည် အဓိကအားဖြင့် ရေစီးဆင်းမှုနှုန်းများ၊ ရေလမ်းကြောင်းပြောင်းလဲမှုများကို လေ့လာမှုများနှင့်ဆက်စပ်နေပါသည်၊၊ ထို့အပြင် တံတားများ၊ ဆည်များ၊ ရေကာတာများ တည်ဆောက်မှုများတွင်လည်း ဆက်နွယ်ပတ်သတ်နေပါသည်၊၊ လက်တွေ့လုပ်ခြင်းတွင် ပုံစံငယ်များကို အသုံးပြု၍ ရေလမ်းကြောင်းပြောင်းလဲမှုကို လေ့လာခြင်း၊ နုန်းတင်ပို့ချမှုများကို လေ့လာခြင်း၊ရေစစ်ထုတ်ရာတွင် သဲ၊ကျောက်စရစ်တို့ကို အသုံးပြု၍ ၎င်းတို့၏ စစ်ထုတ်နိုင်စွမ်းတို့ကိုလေ့လာခြင်းများပါဝင်သည်၊၊

The following equipments provides for Hydraulics and Water Resources lab:

• Hydrostatic Bench and Fluid Unit
• Sediment Transport Demonstration Channel
• Mobile Bed and Flow Visualization Unit (workingsection:2000mm×610mm)
• Laminar flow visualization and analysis Unit
• Width inside moulding: 606mm
Length of glass plates: 892mm
Distance between glass plates: 3.2mm
Sinks/sources: eight tappings in seven positions
• Flow Channel Section: 300mm×450mm and 7.5m length
• Computer Controlled Unit for Transient Drainage
• Sedimentation tank
settling tank:1000 x 400 x 200mm
Sediment sump tank capacity:120 litres
Water flow meter range: 0.5-5 l/min
Sediment suspension flow meter range: 0-2 l/min
Pump flow rate: 25 l/min at 5m head
Motor: 0.1kW
• Hydrologic Systems, Rain Simulator and Irrigation Systems unit (2×1m)
• Filterability Index Unit
• Ground water flow Unit
Tank: Fiber Glass
Piezometer: Range: 0 to 155mm
• Drainage and Seepage Tank

သင်ကြားရေးဆိုင်ရာပစ္စည်းများ (soil lab)

မြို့ပြအင်ဂျင်နီယာဌာနရှိ မြေကြီးနှင့်ပတ်သက်သောလက်တွေ့စမ်းသပ်ချက်သင်ခန်းစာများ

အင်ဂျင်နီယာနှင့်ပတ်သက်သော လုပ်ငန်းများတွင် မြေကြီးကို ဇီဝဓာတ်သတ္တုအမှုန်များ ကြေကွဲပျက်စီးသွားပြီး အမှုန်တစ်ခုနှင့်တစ်ခုကြား လွတ်နေသောနေရာတွင် အရည်များ ဓာတ်ငွေ့ များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပါသည်။ မြေကြီးကို မြို့ပြအင်ဂျင်နီယာလုပ်ငန်းအမျိုးမျိုးတွင် ဆောက်လုပ်ရေးပစ္စည်းအဖြစ် အသုံးပြုသည့်အပြင် အဆောက်အအုံများ၏ foundation အဖြစ် လည်းထောက်ပံ့ပေးနိုင်ပါသည်။ ထို့ကြောင့် မြို့ပြအင်ဂျင်နီယာများသည် မြေကြီး၏ ဂုဏ်သတ္တိများကိုလေ့လာသင်ယူရမည်။
ထို့ပြင် မြေကြီးနှင့်ပတ်သက်သော ဘာသာရပ်သည် မြေကြီး၏ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ လေ့လာသင်ယူခြင်းနှင့် သက်ဆိုင်သော သိပ္ပံဘာသာရပ်ခွဲတစ်ခုဖြစ်သည်။ အဓိက အချက်မှာ မြေကြီးအပေါ်တွင်ရှိသော အဆောက်အအုံ ပုံသဏ္ဌာန်အမျိုးမျိုး အရွယ်အစားအမျိုးမျိုး ကို၎င်းက ထမ်းထားရသောကြောင့် မြေကြီး၏ ခံနိုင်ရည်အားကိုတွက်ချက်ရသော ဘာသာရပ်ဖြစ်ပါသည်။

မြေကြီးနှင့်ပတ်သက်သော လက်တွေ့စမ်းသပ်ချက်များမှာ-

(က) မြေကြီးအတွင်းရှိ အရည်နှင့် စေးပျစ်မှုကိုစမ်းသပ်ခြင်း
(ခ) မြေကြီးအတွင်း ရေပါဝင်မှုနှုန်းကို စမ်းသပ်ခြင်း
(ဂ) ၀.၀၇၅ မီလီမီတာထက်ကြီး‌သော မြေကြီးအမှုန်များကို စမ်းသပ်ခြင်း
(ဃ) ၀.၀၇၅ မီလီမီတာအောက်ငယ်သော မြေကြီးအမှုန်များကို စမ်းသပ်ခြင်း
(င) မြေကြီး၏ကျစ်လျစ်မှုကို စမ်းသပ်ခြင်း
(စ) မြေကြီး၏ ခံနိုင်ဝန်အားကို ( California bearing ratio test ) စမ်းသပ်ခြင်း
(ဆ) မြေကြီးအတွင်းစီးနေသော ‌ရေများကို အငြိမ်ထား၍ စမ်းသပ်ခြင်း
(ဇ) မြေကြီးအတွင်းစီးနေသော ‌ရေများကို စမ်းသပ်ခြင်း
(စျ) ဒစ်ဂျစ်တယ်နည်းဖြင့် မြေကြီး၏ခံနိုင်ရည်အားကိုစမ်းသပ်ခြင်း

သင်ကြားရေးဆိုင်ရာ ဆရာ/ဆရာမများသည် ဘာသာရပ်တခုချင်းစီအတွက် အထက်ဖော်ပြပါ ပစ္စည်း များကို အသုံးပြု၍ စာသင်နှစ် တစ်လျှောက်လုံး လက်တွေ့ သင်ကြားမှုများပြုလုပ်ပေးပါသည် ၊၊